Our Vision
ကျွန်ုပ်တို့၏ မျှော်မှန်းချက်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် CAD နည်းပညာနှင့် ဆောက်လုပ်ရေးစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသော အင်ဂျင်နီယာများကို ပံ့ပိုးပေးရုံသာမကဘဲ ဂျပန်ဘာသာစကား ပညာသင်ကြားခြင်းမှတဆင့် ယဉ်ကျေးမှုပေါင်းစုံ လူ့အဖွဲ့အစည်းတွင် ထိရောက်သော ဆက်သွယ်ရေးစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်ပါသည်။ ဂျပန်နိုင်ငံတစ်ဝှမ်းရှိ ပရောဂျက်များတွင် ပါဝင်ကူညီနိုင်ပါသည်။ ဂျပန်နိုင်ငံတွင် နေထိုင်ကြသော နိုင်ငံခြားသားများ၏ နေ့စဉ်ဘဝအတွက် အသုံးဝင်သော အထောက်အပံ့များကိုလည်း ပံ့ပိုးပေးမည်ဖြစ်ပါသည်။ကုမ္ပဏီရဲ့အားသာချက်များ
- CADသင်တန်း၊ဂျပန်စာသင်တန်း၊တိုကုတဲသင်တန်းများ အခြားကျောင်းများလည်း ရှိသော်လည်း မြန်မာဘာသာဖြင့် သင်ကြားသည့် ကျောင်းများမှာ အလွန်နည်းပါးပါသည်။
- ကျွန်တော်တို့ကျောင်းသည် ဂျပန်/မြန်မာ ၂ဘာသာဖြင့်သင်ကြားပေးပါသည်။
- ဂျပန်နိုင်ငံသို့သွားရောက်လုပ်ကိုင်လိုသူများအတွက် ဂျပန်စာကျွမ်းကျင်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ပံ့ပိုးပေးပြီး သေချာ Train ပေးပါသဖြင့်
- အလုပ်ခန့်ချင်သော ဂျပန်ကုမ္ပဏီများ၊ဂျပန်နိုင်ငံ လူသားအရင်းမြစ်အတွက်အထောက်ကူပြုပါသည်။
- Online Course ဖြစ်သောကြောင့် အချိန်မရွေး နေရာမရွေး လွတ်လပ်စွာ လေ့လာနိုင်ပါသည်။
- Offline course က မြန်မာဘက်ကကျောင်းတွင်တက်နိုင်ပါသည်။
- ဂျပန်စက်မှုစံနှုန်းများအတိုင်း (JIS)CAD များကို ကျွန်ုပ်တို့ သေချာ သင်ပေးသောကြောင့် ဂျပန်ကုမ္ပဏီတွင် CAD Japan Version ဖြင့်ချောမွေ့စွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။
- သင်တန်းပြီးဆုံးပြီး ကိုက်ညီသောအလုပ်များရှိပါက တစ်ခါတည်းလျှောက်ထားနိုင်ပါသည်
- အလုပ်ရှာဖွေခြင်း၊အင်တာဗျူးလေ့ကျင့်ခြင်း၊cvပြင်ဆင်ခြင်းများ၊ Seminar free များလုပ်ပေးလို့ ကျောင်းသားများအတွက် အခွင့်ရေးများစွာရှိပါသည်။
- သင်တန်းပြီးဆုံးပါက ဂျပန်ကုမ္ပဏီဘက်မှ Certificate ထုတ်ပေးလို့ အလုပ်လျှောက်ရာတွင်အရမ်းအသုံးဝင်ပါလိမ့်မည်။